ဝါရှင်တန် ၁၄ ဇွန်

 

အမေရိကန်ပြည်ထောင်စုတစ်ဝန်း ပိတ်ဆို့မှုများကို ပြန်လည်ဖွင့်လှစ်ပေးမှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိသောကြောင့် ကိုဗစ်- ၁၉ ဒုတိယလှိုင်းရိုက်ခတ်လာ နိုင်ကြောင်း စီးပွားရေးသမားများက သတိပေးပြောကြားလိုက်သည်။

 

ကိုဗစ် - ၁၉ ဒုတိယလှိုင်းကို ပိုပြီးဖြစ်ပေါ်စေနိုင်ကြောင်း၊ ကိုဗစ် - ၁၉ သည် စီးပွားရေးပြန်လည်ဦးမော့အောင်လုပ်ဆောင်ရာတွင် အကြီးမားဆုံး စွန့်စားမှုတစ်ခုဖြစ်ကြောင်း ဝဲလ်ဖာဂိုစီးပွားရေးလုံခြုံရေးအုပ်စုက ဇွန် ၁၂ ရက် အစီရင်ခံစာတွင် ရေးသားဖော်ပြလိုက်သည်။

 

အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ကိုဗစ် - ၁၉ အသစ် ထပ်မံဖြစ်ပွားမှု မတ်လမှစပြီး နှေးကွေးလာနေချိန်တွင် ရုတ်တရက် တက္ကဆက်ပြည်နယ်တွင် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအမြင့်ဆုံး ဖြစ်ပွားခဲ့သည်။ အဆိုပါ အချက်က ကိုဗစ်-၁၉ ဒုတိယလှိုင်း ရိုက်ခတ်လာနိုင်ခြေရှိသည်ကို ပြသလျက်ရှိ ကြောင်း အဆိုပါအစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

 

ကိုဗစ်- ၁၉ ဖြစ်စဉ်သည် တောင်နှင့်အနောက်တောင်ပိုင်းတွင် ကူးစက်ပျံ့နှံ့ မှုဖြစ်ပွားလာနိုင်ကြောင်း၊ တက္ကဆက်ပြည်နယ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက် လှိုင်းဂယက် အန္တရာယ်ကို အဆိုးဆုံးခံစားနေရကြောင်း စာရင်းပိုင်းနှင့် အကြံပေး ကုမ္ပဏီတစ်ခုဖြစ်သော အာရ်အက်စ်အမ်ယူအက်စ်အယ်လ်အယ်လ်ပီမှ စီးပွားရေး ဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘရူဆူလက်စ်က ပြောသည်။

 

ဆင်ဟွာ