၃ ဇူလိုင်

 

 

အမေရိကန်ပြည်ထောင်စုတွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၅၀ဝ၀ နီးပါးရှိလာပြီး ဂျွန်ဟော့ကင်းတက္ကသိုလ်၏ တွက်ချက်မှုအရ တစ်နေ့တာအတွင်း ကူးစက်မှု စံချိန်တင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

 

အမေရိကန်ပြည်ထောင်စု ကိုဗစ်-၁၉ အတည်ပြု ကူးစက်သူ အရေအတွက် ၂ ဒသမ ၇ သန်းကျော် ၂၇၃၅၅၅၄ ဦး ရှိပြီး ၁၂၈၆၈၄ ဦး သေဆုံးကြောင်း ယင်းတက္ကသိုလ်၏ နောက်ဆုံးထုတ်ပြန်သော စာရင်းအရ သိရသည်။

 

 

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ဖလော်ရီဒါတွင် ယမန်နေ့က ထပ်မံ ကူးစက်မှု ၁၀၁၀၉ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဖော်ပြထားသည်။

 

 

နိုင်ငံ၏ ထိပ်တန်းရောဂါ ကူးစက်မှုဆိုင်ရာ ကျွမ်းကျင်သူ အန်တိုနီ က လက်ရှိရောဂါ ကူးစက်မှုကို မထိန်းသိမ်းနိုင်လျှင်  နေ့စဉ်ရောဂါ ကူးစက်မှု မြင့်တက်လာပြီး ၁၀ဝ၀ဝ၀ အထိ ရောက်ရှိနိုင်သည်ဟု  ဆီးနိတ်ကော်မတီကို အင်္ဂါနေ့က ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

2429