အမေရိကန်တပ်ဖွဲ့များ အယ်လ်ရှာဘတ်စစ်သွေးကြွများကို သုတ်သင်ရှင်းလင်း

အမေရိကန်တပ်ဖွဲ့သည် မကြာသေးမီရက်ပိုင်းက ဆိုမာလီနိုင်ငံ တောင်ပိုင်း ဘာ့စ်ရာကျေးရွာအနီးရှိ အစွန်းရောက်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အယ်လ်ရှာဘတ်စစ်သွေး မဟာမိတ်တပ်များကို အယ်လ်ရှာဘတ်လက်နက်ကိုင်များက တိုက်ခိုက်မှုပြုလုပ်ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ဆိုမာလီယာအစိုးရတပ်ဖွဲ့များ ပူးပေါင်းကာ ယခုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားများ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အမေရိကန်တပ်ဖွဲ့သည် ဆိုမာလီအခြေစိုက် အာဖရိက သမဂ္ဂအထူးအဖွဲ့ ၊ ဆိုမာလီအစိုးရတပ်များနှင့် ပူးပေါင်းကာ အယ်လ်ရှာဘတ်လက်နက်ကိုင်များကို ဆက်လက် ချေမှုန်းသွား မည်ဖြစ်ကြောင်း သိရသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်လက်နက်ကိုင်များသည် အယ်လ်ကိုင်ဒါနှင့် ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ယခုနှစ်များတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ