နေပြည်တော် ၄  ဇန်နဝါရီ

နိုင်ငံတော်သမ္မတသည် ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်ဆောင် စာချဆရာတော်များ၊ ဝိပဿနာဓုရပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းပေးနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) ဖြင့်လည်းကောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၂ /၂၀၂၁)ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ် အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၁) ဖြင့်လည်းကောင်း၊ စစ်မှုထမ်းကောင်းတံဆိပ်အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ်(၄/၂၀၂၁)ဖြင့် လည်းကောင်း၊ ပြည်သူ့သားကောင်းတံဆိပ်အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ်(၅/၂၀၂၁)ဖြင့် လည်းကောင်း၊ ရဲမှုထမ်းကောင်းတံဆိပ်အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၁)ဖြင့်လည်းကောင်း ၊ နိုင်ငံတော်ရဲမှုထမ်း တံဆိပ်အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၁)ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံရဲပူးတွဲတိုက်ပွဲဝင်တံဆိပ် အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ်(၈ /၂၀၂၁)ဖြင့်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၁)ဖြင့်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းတံဆိပ်အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာ အမှတ်(၁၀/၂၀၂၁)ဖြင့်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်အပ်နှင်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၂၁)ဖြင့် လည်းကောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

သတင်းစဉ်