ပန်ဆောင်  ၇    ဒီဇင်ဘာ          

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့၌ မြို့တွင်း အမှိုက်ကင်းစင်ရေး စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်က ပန်ဆောင်မြို့၏ အထင်ကရရှိ ဒေါ်ခင်ကြည်ရိပ်သာဝန်းကျင်နှင့် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စုပေါင်းသန့်ရှင်းခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦး၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ အမှိုက်များကောက်ပြီး စနစ်တကျစွန့်ပစ်ခြင်း၊ မြက်၊ ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများကို ရှင်းလင်း  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စနေမောင်(ခန္တီး)