ရန်ကုန်   ၈   ဇူလိုင်      

           

ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် လှည်းတန်းပေ(၅၀)ပျံကျဈေး၌ ရောင်းချနေသော ကုန်စိမ်းကုန်ခြောက် ဈေးသည်များကို မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတာဝန်ခံ အဖွဲ့များမှ အမှိုက်စိုအမှိုက်ခြောက်များကို စနစ်တကျသိမ်းဆည်းစွန့်ပစ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဈေး၌လိုက်လံ၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်း၌ ရောင်းချလျက်ရှိသော  ကုန်စိမ်း ကုန်ခြောက် ပျံကျဈေးသည် များအား သတ်မှတ်ထားသော အမှိုက်များကို အမှိုက်စိုအမှိုက်ခြောက်များခွဲခြား၍ ထည့်ပေးကြရန် ဆာ လာအိတ်၊ ထင်ရှူးသေတ္တာပုံးများ၊ ကော်ပုံးများဖြင့် မစွန့်ပစ်ကြရန် သတ်မှတ်ထားသော ပလတ်စတစ် အိတ်များဖြင့် စည်းကမ်းတကျစွန့်ပစ်ကြရန် စည်ပင်သာယာဝန်ထမ်းများမှ လိုအပ်သောအမှိုက်အိတ် များ ရောင်းချပေးမည်ဖြစ်ပြီ အမှိုက်များကိုလည်း နေ့စဉ် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် စည်ပင်ကား များဖြင့် သိမ်းယူသွားမည်ဖြစ်ကြောင်းကို ရောင်းချလျက်ရှိသော ဈေးသူဈေးသားများအား သိရှိနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမြို့နယ်တာဝန်ခံအဖွဲ့ သားများက အသိပညာပေး လိုက်လံနှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)