အမှိုက်များကို  စနစ်တကျ စွန့်ပစ်ကာ ၊ အကျိုးရှိစွာ ပြန်လည်အသုံးချကြပါစို့

 

နိုင်ဦး (DOCA)

ကျွန်တော်ငယ်ငယ်က အဘွားဖြစ်သူက ပြောခဲ့ဖူးသည်။ “တစ်လုပ်စားဖူး သူ့ကျေးဇူး၊ အထူးသိတတ်ပါစေ” ဟု ဆုံးခဲ့သည်။ မိအက်အခဲဖြစ်နေချိန် တစ်ပါးသူမှ ရေလေးတစ်ခွက်၊ ထမင်းလေဘစ်လုပ်၊ သစ်သီးလေး တစ်ကိုက် ကူညီခဲ့ဖူးပါက ထိုသူအား ကျေးဇူးပြန်ဆပ် နိုင်ရေး အစဉ်အမြဲကြိုးစားနေရမည်ဟု ပြောပြခဲ့ဖူးပါ သည်။ သို့သော် ကမ္ဘာသူ ကမ္ဘာသာများသည် ကမ္ဘာမြေ ကပေးအပ်သော သန့်စင်သောလေ၊ ကြည်လင်သောရေ၊ အာဟာရပြည့်ဝသော မြေဆီမြေနှစ်များကို အလကားလောက်နီးပါး ရှိနေပါလျက် ကမ္ဘာဂြိုဟ်အား ကျေးဇူး တင်ရကောင်းမှန်းသိ၊ကမ္ဘာ့လေထုရေထု၊ မြေထုတို့ကို ပျက်စီးသည့် အမှိုက်မျိုးစုံကို ကျေးဇူးကန်း တစ်နှစ် တစ်နှစ်တန်ချိန်ပေါင်း သန်း ၃၀၀ ခန့် စွန့်ပစ်နေကြ သည်။

 

ကမ္ဘာမြေကြီး နေမကောင်းဖြစ်နေပြီ

လွန်ခဲ့တဲ့နှစ်၃၀ လောက်က ဘာသာပြန်ကဗျာလေး တစ်ပုဒ်ကို ဖတ်ခဲ့ဖူးတယ်။ ကဗျာရဲ့ခေါင်းစဉ်က “မြေ ကမ္ဘာ၏ဆုတောင်း" တဲ့။ ကဗျာမှာ ဖော်ပြထားတာ ကတော့ ငါမကျန်းမမာဘူး၊ကသာတွေစွန့်ပစ်တဲ့အခိုက် တွေကြောင့်ညစ်ပတ်နေပြီ မြေကထွက်တဲ့ အန္တရာယ် ကင်းတဲ့ စားစရာတွေကို ပေးချင်ပါတယ်။ ဒါပေမယ့် အဲဒီအစား အန္တရာယ်ရှိတဲ့အစားအစာတွေကိုသာ ကမ္ဘာသားတွေကို ပေးနေမိလို့ ငါဝမ်းနည်တယ်။ ကမ္ဘာသာတွေ အတွက် သန့်ရှင်းစင်ကြယ်တဲ့ ရှူးလေတွေကို ငါပေး ချင်တယ်။ ဒါပေမယ့် ကမ္ဘာသတွေ့စွန့်ပစ်တဲ့ အမှိုက် တွေကနေထွက်လာတဲ့ အဆိပ်ငွေ့တွေ၊ စက်ရုံ၊ အလုပ်ရုံ တွေကနေ ထုတ်လွှတ်နေတဲ့ ဓာတုအနံ့တွေကြောင့် ငါမကျန်းမာဘူး၊ ဒါ့ကြောင့် မသန့်စင်တဲ့လေတွေကို ရှူရှိုက်ပို့ပေးနေရတဲ့အတွက် ငါစိတ်မကောင်းဘူး။ ကမ္ဘာ သာတွေကို ကြည်လင်အေးမြတဲ့သောက်စရာတွေ ကို ပေးချင်ပါတယ်။ ဒါပေမယ့် ကမ္ဘောသားတွေစွန့်ပစ်တဲ့ အမှိုက်တွေကြောင့် ငါမကျန်းမမာဘူး၊ ဒါ့ကြောင့် အဆိပ် န့်နေတဲ့ရေတွေကို သောက်ဖို့ပေးနေရတဲ့အတွက် ငါစိတ်မကောင်းဘူး။ငါကျန်မာရေးမကောင်းတာကြာပြီး၊ ကမ္ဘာသားတွေ သန့်စင်တဲ့မြေကထွက်တဲ့ သန့်ရှင်းတဲ့ အစားအစာတွေစားနိုင်ဖို့၊ကြည်လင်အေးမြတဲ့လေတွေကို ရှူနိုင်ဖို့၊ အေးမြတဲ့ရေတွေသောက်နိုင်ဖို့ကို ကျန်းမာရေးကောင်းအောင် ဆေးကုပေးကြပါလား။ အထူးသဖြင့် အမှိုက်မပစ်တဲ့ဆေးတွေနဲ့ အားလုံးကုသပေးကြရင် ငါကျန်လာမယ်ထင်ပါတယ်။ ဒီလိုကုသပေးနိုင်ကြ ပါစေလို့ ငါဆုတောင်းနေပါတယ်။ကုသပေးကြရင်တော့ ငါသေဆုံးရပါလိမ့်မယ်တဲ့။ အဲဒီအချိန်ကမ္ဘာသားတွေ လည်း ရှိကြတော့မှာမဟုတ်ဘူးတဲ့လေ။ လူသားတွေ နေ့စဉ်စွန့်ပစ်တဲ့ လွယ်တကူပျက်၊ ဆွေးမြည့်တဲ့ အမှိုက်တွေကြောင့် မြေကမ္ဘာကြီး အဆိပ်သင့်နေပြီ။ လေထဲ၊ ရေထဲမှာ အဆိပ်တွေရောက်နေပြီ။ သန့်စင်သော မြေ၊ ကြည်လင်တဲ့ရေတွေကို ရရှိတော့ သက်ရှိတွေ သေဆုံးသွားကြမယ်။နေက်ဆုံးကမ္ဘာကြီးလည်းသေဆုံး သွားမယ်။ အမှိုက်တွေကို စည်းကမ်းမဲ့ အလွယ်တကူ ပစ်ကြဖို့ တိုက်တွန်းထားတာလို့ ထင်မိတာပဲ။

 

အစတုန်းက အမှိုက်ဆိုတာ စွန့်ပစ်ထားတဲ့ အမှိုက် တစ်မျိုးတည်း ရှိတယ်ထင်ခဲ့တယ်။ အလွန်ဆုံးရှိမှ အမိုက် နို၊ အမှိုက်ခြောက်နှစ်မျိုးပေါ့ ။ စည်ပင်သာယာရေး ဝန်ထမ်းတစ်ဦးနဲ့ တွေ့တော့မှ မြန်မာနိုင်ငံမှာ အမှိုက်မျိုးအစားပေါင်းများစွာရှိကြောင်း သိရတော့တယ်။ ဘာတဲ့ အိမ်ထဲကနေထွက်တဲ့ အိမ်ထွက်အမှိုက်၊ လယ် တွေ၊ ယာတွေ၊ ခြံတွေကထွက်လာတဲ့ ခြံထွက်အမှိုက်၊ ဆေးရုံ၊ ဆေးခန်တွေကထွက်တဲ့ဆေးရုံ၊ ဆေးခန်းထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းတွေကထွက်တဲ့ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေး လုပ်ငန်းတွေကထွက်တဲ့ စီးပွားရေးထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံတွေကထွက်တဲ့ စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်။ ညစ်အကြေးတွေ၊ တိရစ္ဆာန်အသေကောင်၊ နံစော်သည့် ရာများဖြစ်သည့် စက်ဆုပ်ဖွယ်အမှိုက်များ၊ ကားအပါ ဆင်စက်ပစ္စည်းအစုတ်များဖြစ်သည့် တန်ဖိုးကြီးအမှိုက် များ စသည်ဖြင့်စုံလို့ပါပဲ။

 

သေချာသည်မှာ အဆိုပါအမှိုက်မျိုးစုံကြောင့် ကမ္ဘာ့ လေထု၊ မြေထု၊ လေထုညစ်ညမ်းမှုတွေ ဖြစ်မှာတော့သေအချာပင်ဖြစ်သည်။ မည်သည့်အမှိုက်ကိုဖြစ်စေ လက်ရှိတွင် မြေပေါ်တွင်သာစုပုံသည့်စနစ်ကိုသာသုံးစွဲနေသည်ကို သတိပြုဆင်ခြင်စေချင်ပါသည်။ ထိုမြေပေါ်သို့ စွန့်ပစ်လိုက်သော အမှိုက်မျိုးစုံကို မြေကြီးကစုပ်ယူ၍ မြေအောက်ရေကို ညစ်ညမ်းသွားစေပါသည်။ ထိုရေသောက်သုံးသူများ ရောဂါမျိုးစုံဖြစ်ပွားနိုင်သည်။ အမှိုက်များကို စုပုံထားပါက အာကြောင့် မီသိန်း ဓာတ်ငွေ့ဖြစ်လာပြီး မီးလောင်မှုများဖြစ်စေနိုင်သည်။ အဆိုပါဓာတ်ငွေ့သည်လေထဲသို့ရောက်သွားပြီး အိုဇုန်း လွှာကို ထိခိုက်စေ ပါသည်။ သဘာဝဖြစ်စဉ်များကို ပြောင်ကပြန်ဖြစ်စေပါသည်။ မြေပေါ်တွင် ဒီအတိုင်း ထားပါကလည်း ကြွက်၊ ခြင်၊ ယင်များပေါက်ဖွားကာ သဘာအလှအပများကို ဖျက်ဆီးရုံသာမက အနီး ဝန်းကျင်ရှိ သက်ရှိများကို ရောဂါဘယများဖြန့်ဝေပေးနေ သည်နှင့် တူနေပါသည်။ ထို့ကြောင့်ပင် အမှိုက်များကိုသုံးစွဲရေး၊ ပြန်လည်၍ အကြိမ်ကြိမ်သုံးစွဲရေး၊ ပြုပြင်ပြောင်းလဲ၍ အသုံးချရေးအတွက် နိုင်ငံတိုင်းလိုလို တွင် ဆောင်ရွက်လျက်ရှိနေကြပါသည်။

 

ကမ္ဘာ့နိုင်ငံတိုင်းအတွက် စိန်ခေါ်မှုသုံးမျိုး

ယနေ့ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် စိန်ခေါ်မှုသုံးမျိုးကို ရင်ဆိုင်နေကြရသည်။ ထိုစိန်ခေါ်မှု သုံးမျိုးမှာ အမှိုက် စွန့်ပစ်ရေးပြဿနာ၊ လျှပ်စစ်စွမ်းအင် လုံလောက်စွာ ရရှိရေးပြဿန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာများဖြစ်သည်။ နိုင်ငံ၏စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးကိစ္စများနှင့် ပတ်သက်မှုမရှိ၍ အလေးထားမှုမရှိခဲ့သော်လည်း ယခုအချိန်အခါတွင်မူ အဓိက ပြဿနာများ အဖြစ် ရင်ဆိုင်ဖြေရှင်နေကြရပေသည်။ အဆိုပါပြဿနာ သုံးမျိုး၏ စိန်ခေါ်မှုများကို အစိုးရများက ရေတို၊ ရည် နည်းများကိုအသုံးပြု၍ ရှင်းလျက်ရှိကြရာ အမြန်ဆုံး နည်းလမ်းသည်ပင် နှစ်ပေါင်း ၃၀၀ ကျော် ကြာမှသာ လျှင် အမှိုက်စွန့်ပစ်မှု ပြဿန၁၏ ၅၀ရာခိုင်နှုန်းခန့်ကိုသာ ဖြေရှင်းနိုင်လိမ့်မည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။

ယနေ့ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ပလတ်စတစ် တန်ချိန်သန်း ၅၀၀ မှတန်ချိန်သန်းပေါင်းတစ်သန်းအထိ ထုတ်လုပ်သုံးစွဲနေကြပြီး တစ်မိနစ်တိုင်းတွင် ပလတ် စတစ်အိတ်ပေါင်း တစ်သန်းနီးပါး သုံးစွဲစွန့်ပစ်နေကြကြောင်း၊ ယင်းပလတ်စတစ်အိတ်များထဲတွင် အများဆုံး ပါဝင်သည့် ကြွပ်ကြွပ်အိတ်များကို မီးရှို့ ဖျက်ဆီးလျှင် အီသိုင်လင်းအောက်ဆိုက်နှင့် ဒိုင်အောက်စင် သည့် ဓာတ်ငွေ့များကို ထုတ်လွှတ်သည်။ ထိုဓာတ်ငွေ့များ သည် လေထုညစ်ညမ်းမှုကို ဖြစ်စေသည့်အပြင် လူများ ရှူရှိုက်မိပါက လူတို့၏သွေးထဲသို့လည်းကောင်း၊ ဆီဆဲ သို့လည်းကောင်း ရောက်ရှိကာ ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေသည်။ လူတို့ နေ့စဉ်မစဉ်းစား မဆင်ခြင်ဘဲ ပေါ့ပါးလွတ်လပ်စွာသုံးစွဲ စွန့်ပစ်လျက်ရှိသော ကြွပ်ကြွပ်အိတ် များတွင်ခဲဓာတ်တွေ၊ အဆိပ်ဓာတ်တွေ၊ ဓာတုအရောင် ဆိုးဆေးတွေကို ထုတ်လုပ်ရ လွယ်ကူသလောက် စတင်သုံးစွဲကတည်သော အဆိပ်ပစ္စည်းကို ရယူလိုက်သကဲ့ သို့ဖြစ်နေသည်ကို သတိပြုမိသူ လွန်စွာရှားသည်။ လူသားများသည် ချက်ချင်းသေစေနိုင်သည့်အဆိပ်များကိုကြောက်ရွံ့ ထိတ်လန့်ကြသော်လည်း တဖြည်းဖြည်းရောဂါဖြစ်၊ ဆေးကု၊ သေဆုံးရခြင်းကိုမူ နောင်ခါလာနင်ဟု သဘောထားကာ မဆင်မခြင်သုံးစွဲနေ ကြသည်ကိုတွေ့မြင်နေရ၍ စိတ်မသက်မသာဖြစ်မိသည်။

 

ယခင်နှစ်များစွာက အမှိုက်များကို မြေကျင်ဘူး၍ မြှုပ်နှံခြင်း၊ စုပုံဆွေးမြည့်စေသောနည်း၊ မီးရှို့သော နည်းများကိုအသုံးပြု၍ လွယ်ကူစွာဖြေရှင်းခဲ့သည်။ ကမ္ဘာမြေထုကို အာဟာဓာတ်များပေးခဲ့သလိုပင်ဖြစ်ခဲ့ သည်။ လေထု၊ ရေထုများကိုလည်း အကျိုးပြုသန့်စင်စေခဲ့ သည်။ အမှိုက်များသည်လည်း လွယ်ကူစွာ ဆွေးမြည့်နိုင် သည့် အမှိုက်များဖြစ်၍ မြေကြီးထဲသို့ အလွယ်တကူပျော်ဝင်သွားသည်။ ဈေးဝယ်ရာတွင် များသောအား ဖြင့် သဘာဝထွက်ကုန်ပစ္စည်းများဖြစ်သည့် သစ်ရွက်၊ သတင်စာစက္ကူများသာဖြစ်ခဲ့သည်။ပစ္စည်းများထည့်ရန် ကြိမ်ခြင်းတောင်း ဝါးခြင်းတောင်း ဂုန်နီအိတ်များဖြင့်သာ အသုံးပြုခဲ့ကြသဖြင့် သာဂေဟစနစ်ကို အပြန်အလှန် အကျိုးပြုခဲ့ကြသည်။ ခေတ်မီတိုးတက်မှုမရှိသေး၍လည်း ဖြစ်ပေမည်။

 

သဘာပတ်ဝန်းကျင်ကို ထိခိုက်စေသော လတ်တစ်သုံးစွဲမှု

ယနေ့အချိန်အခါတွင်မူ ဆော်မီတိုးတက်မှုအရှိန် သည် မနေ့ကနှင့် ဒီနေ့မတူတော့သလို အရှိန်အဟုန် ပြင်းထန်သည်။ အပြိုင်အဆိုင်သုတေသနများပြုလုပ် ကာ ဈေးကွက်များသို့ အပြိုင်အဆိုင်တင်ပို့နိုင်ရေး ကြိုးစားနေကြသည်။ စားရေး၊ ဝတ်ရေး နေရေးဟူသည့် အရေးသုံးပါးတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အလေထားမှုနည်းလာကြသည်။သဘာဝ၏ တန်ပြန်သက်ရောက်လာမည့်ဘေးကို ကြိုတင်မျှော်တွေး၊ သတိထရမည်မှန်းလာကြသည်။ ဆော်မီဖွံ့ဖြိုး တိုးတက် မှုများ၏ ပြယုဂ်များအနက် ပလတ်စတစ်ထုတ်လုပ်သည့် နည်းပညာတွေ၊ ဖိုက်ဘာထုတ်လုပ်တဲ့နည်းပညာများ သည် သဘာဝပတ်ဝန်းကျင်ကို လက်ရှိတွင် အများဆုံး ၊ ထိခိုက်လျက်ရှိသော နည်ပညာများဖြစ်သည်။ ထုတ်လုပ် ရလွယ်ကူခြင်း၊ ခိုင်ခံ့ပေါ့ပါးခြင်း၊ သယ်ဆောင်ရလွယ်ကူ ခြင်းများကြောင့် ကမ္ဘာအနှံ့အပြားတွင် လူကြိုက်များ သုံးစွဲလာကြသဖြင့် တီထွင်ထုတ်လုပ်သူများ အကျိုး အမြတ်ကြီးမားစွာ ရရှိခဲ့သော်လည်း ထိုတီထွင်ထုတ်လုပ် ခဲ့သော ပလတ်စတစ်မျိုးစုံ၊ ဖိုက်ဘာပစ္စည်းမျိုးစုံတို့၏ စွန့်ပစ်ပစ္စည်းများသည်ကမ္ဘာ့အနှံဒေသအများအပြားတွင် ကြည့်မကောင်းစွာ ပျံ့နှံ့သွားပေသည်။ ကမ္ဘာ့မြေထုကိုကောင်းကျိုးမပေး၊ လေထုကိုညစ်ညမ်း၊ ရေထုကို ညစ်ပတ်စေခဲ့ပြီဖြစ်သည်။ ထိုပစ္စည်းများ ပျက်စီး ဆွေးမြည့်ရန် နှစ်ပေါင်းထောင်ချီကြမည်ဟု သိရှိရသဖြင့်ကြောက်လန့်မိသည်။ ထိုပလတ်စတစ်များအစား လွယ်လွယ်ကူကူပျက်စီးဆွေးမြည့်ကာ ကမြေထု၊ လေထု၊ ရေထုကို အကျိုးပြုနိုင်မည့်ပစ္စည်းတွေ တီထွင် ထုတ်လုပ်အောင်မြင်ပါစေလို့ ဆုတောင်းမိပါသည်။

 

ညခါကောင်းကင်ပေါ်ကို ကြည့်လိုက်ရင် မြင်တွေ့ နေရတဲ့ မှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေဟာ တစ်ချိန် က ဂြိုဟ်တွေတဲ့၊ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၄၀၀၀ လောက်က ကျွန်တော်တို့ မြေကမ္ဘာလိုပဲ၊ မြေဆီ၊ မြေနှစ် ကောင်းမွန်တဲ့မြေ၊ သန့်စင်တဲ့လေ၊ စင်ကြယ်တဲ့ ရေ၊ သစ်ပင်တောတောင်တွေနဲ့ ဂေဟစနစ် မျှတစွာရှိနေခဲ့လို့ သာယာလှပတဲ့ ကမ္ဘာတွေတဲ့။ လူတွေရဲ့ ဒေါသတွေ၊ အတ္တတွေ၊ စည်းကမ်းမဲ့မှုတွေ၊ အနိုင်ရလိုမှုတွေကြောင့်၊ စည်းကမ်းမဲ့ အမှိုက်တွေစွန့်ပစ်တယ်။ ဓာတုလက်နက်တွေ အပြိုင်တော်လုပ်တယ်။ အဏုမြူလက်နက်တွေနဲ့ တိုက်ပွဲတွေဆင်နွှဲခဲ့တာကြောင့် ကမ္ဘာတစ်ခုလုံး မီးဟုန်း ဟုန်းတောက်လောင်ကာ သက်ရှိတွေပျောက်ကွယ်ပြီး ကမ္ဘာလည်း အဆုံးအစမရှိလွင့်မျောနေတာကို အာကာသ သိပ္ပံပညာရှင်က ခန့်မှန်းပြောကြားခဲ့လို့ မှတ်သားခဲ့ ရတယ်။

 

လက်ရှိတွင်လည်း ကမ္ဘာ့မြေဆီလွှာသည် တဖြည်း ဖြည်းခန်းခြောက်လာနေပြီဖြစ်သည်။ နှစ်တစ်နှစ်ပြည့် တိုင်း သဲကန္တာရများ စတုရန်မိုင် ၅၀၀၀ ကျော် ကျယ် ပြန့်လာနေပြီဟု သုတေသနပညာရှင်များက ပြောကြ သည်။ ရေထဲသို့ရောက်ရှိသွားသော အမှိုက်များကြောင့် ရေနေသတ္တဝါဒသမ၃ သန်းကျော်မျိုးသုဉ်းပျောက်ကွယ် သွားခဲ့ပြီး ရေနေသတ္တဝါနှစ်စဉ် ၄၄ ရာခိုင်နှုန်းသည် သေဆုံးနေကြသည်ဟု သိရှိရသည်။ လေထဲသို့ အမှုန် အမွှားအဖြစ် လည်းကောင်း၊ မီရှို့ပစ်၍ အဆိပ်ငွေ့အဖြစ် လည်းကောင်းရောက်ရှိသွား၍ ဖန်လုံအိမ်အာနိသင် ရှိသော ဓာတ်ငွေ့များကို ထုတ်လွှတ်နေသလိုဖြစ်ကာ ကမ္ဘာ အိုဇုန်းလွှာ ပေါက်၍ကမ္ဘာ့အပူရှိန် မြင့်တက်လာပါသည်။ အပူရှိန်မြင့်တက်လာ၍ မိုးခေါင်မှုများ၊ ရာသီဥတု ဖောက်ပြန်မှုများ၊ ရေမာဏလျော့နည်းလာခြင်းများကို ကမ္ဘာသားများက ကျောကော့အောင် ခံစားကြရသည်။ အပူရှိန်ကြောင့် ကမ္ဘာ့ရာသီဥတုကို ထိန်းချုပ်ထားသည့် ရေခဲများ အရည်ပျော်ကာ ကျဆင်လာ၍ ချို့နေရာ များတွင် ရေကြီးရေလျှံမှုများလည်း ကြုံတွေ့ကြရသည်။

 

မပျက်စီးလွယ်သောအမှိုက်များက ဂေဟစနစ်ကိုဖျက်ဆီး

ထို့အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် မြေပေါ်မှ ထွက်သော အသီးအနှံများ ကြုံလာနေသည်။ ကုန်နေ၊ ရေနေသတ္တဝါများသေးကွေးလာနေသည်။ ထိုသို့ဖြစ်လာ နေခြင်းကို စွန့်ပစ်သောအမှိုက်များလွယ်လွယ်ဆွေးမြည့် ပျက်စီးလွယ်သည့်ပစ္စည်းများကြောင့်၊ ဂေဟစနစ် မညီ ညွတ်မှုများကြောင့် ဟုဆိုကြသည်။ လူသားများသည် လည်း တစ်ချိန်ချိန် ဒန့်ကျွဲပင် ပုခက်လွှဲနေရမည့်အချိန် ဘယ်တော့ရောက်လာမလဲမသိနိုင်ပေ။ ယနေ့အချိန်သည် နှစ်ပေါင်း ၅၀၀ အတွင်း အမြင့်ဆုံးအပူချိန်ကာလကို ရောက်နေသတဲ့။ သဲကန္တာရတွေ တဖြည်းဖြည်မှ မြန်မြန် ကျယ်ပြန့်လာသတဲ့။ ကသမုဒ္ဒရာတွေထဲမှာ အမှိုက် တွေပိုမိုများပြားလာသတဲ့။လေထုထဲမှာ အဆိပ်ဓာတ်ငွေ့ တွေ ပိုပြီးတွေ့နေရသတဲ့။ ဒါဆိုအမှိုက်စွန့်ပစ်ခြင်ဟာ ကမ္ဘာဂြိုဟ်အပေါ် အများကြီးသက်ရောက်နေတာပေါ့။

 

ကျွန်တော်တို့ ငယ်ငယ်တုန်းက နေထိုင်ခဲ့သော ရွာတွင် ဘိုးဖြစ်သူသည် တစ်ကေခန့်ကျယ်သော ခြံကွက်ရှိ အမှိုက်များကို လှည်ကျင်းသည်။ အမှိုက်ကျင်း များ ပြုလုပ်ကာ တူးထားသည့်ကျင်းများထဲသို့ ထည့် သည်။ သစ်ကိုင်းများကိုရွေးချယ်ကာ ကျွဲ၊ နွားများ အရှိန် ရရှိရန်မီးဖိုပေးသည်။ အိမ်တွင် ထမင်း၊ ဟင်းချက်ရန်လောင်စာအဖြစ်သုံးသည်။ အမှိုက်ကျင်ထဲရှိသစ်ရွက်များ သည် မိုးရေ၊ မြေတွင်းသူနှင့် မိကာ မြေခွေးဖြစ်သွား သည်။ တချို့ အမှိုက်များကို ကျွဲ၊ နွားချေးများပေါ်ပုံ၍ ကြာပါက သမသွားကာ မြေဆွေများဖြစ်သွားသည်။ ဤနည်းဖြင့် အမှိုက်ဿနာကိုဖြေရှင်းကာ ဆောင်ရွက် ခဲ့သဖြင့် အတွင်း အမှိုက်ရှင်လင်းကာ သီးနှံအထွက် တိုးရေးအတွက်ပင် အကျိုးရှိစွာအသုံးချနိုင်ခဲ့သေးသည်။ လမ်းများတွင်လည်း သစ်ဖက်၊ နှီးသော အသုံး ပြုခဲ့ကြ၍ သဘာဝပတ်ဝန်းကျင်းကို မထိခိုက်ခဲ့ပေ။ တစ်ခုပြောစရာရှိသည်မှာ ထိုစဉ်က ပလတ်စတစ်ကဲ့ သို့သော ပစ္စည်းများ မတီထွင်၊ မပေါ်ပေါက်၊ မသုံးစွဲကြ သေ၍ ဖြစ်ပေမည်။

 

ယနေ့ခေတ်တွင်ဆိုးရွားသော အမှိုက်ဿနာကို နိုင်ငံအသီးသီးတွင် နည်းမျိုးစုံဖြင့် ဖြေရှင်းလျက်ရှိကြ သည်။ တချို့ နိုင်ငံများတွင် ဥပဒေကိုထုတ်ပြန်၍ တားမြစ်ခဲ့သည်လည်း ရှိခဲ့သည်။ ၃.၈.၂၀၁၉ ရက်နေ့ တွင် ချီလီနိုင်ငံက ပလတ်စတစ်သုံးစွဲမှု တားမြစ်သည့် ဥပဒေကို ကမ္ဘာပေါ်၌ပထမဆုံး အတည်ပြုထုတ်ပြန်ခဲ့ သည်။ ပလတ်စတစ်သုံးစွဲမှုကို အကြီးစားစီးပွားရေး လုပ်ငန်းများကို အချိန်ခြောက်လ၊အသေးစားလုပ်ငန်းများ ကို နှစ်နှစ်အချိန်ပေးထားပြီး ဈေးဝယ်သူတစ်ဦးလျှင် ပလတ်စတစ်အိတ်နှစ်လုံးသာ သုံးစွဲခွင့်ပေးထားရမည် ဖြစ်ကာ သတ်မှတ်ကာလကျော်လွန်၍ မလိုက်နသူ များကိုရိကန်ဒေါ်လာ ၇၀အထိဒဏ်ငွေပေးဆောင် ရမည်ဟုလည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများတွင်လည်း စွန့်ပစ်အမှိုက်များနှင့် ပတ်သက်၍ဥပဒေပြဋ္ဌာန်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မီဒီယာ များ၌ ဖော်ပြထား၍ သိရှိရသည်။

 

တချို့နိုင်ငံများကတော့ လွယ်လွယ်ကူကူပင် မိမိ နိုင်ငံမှထွက်ရှိသော အမှိုက်များကို အခြားနိုင်ငံများသို့ ကွန်တိန်နာဖြင့်ထည့်ကာ ခြင်းဖြင့် ဖြေရှင်းကြသည်။ ထို့ကြောင့်ပင် ဖိလစ်ပိုင်နိုင်ငံသည် အမှိုက်လာစုပုံသော နေရာမဟုတ်ဟု တရားဝင်ကြေညာကာ အမှိုက်လာပစ်သော ကွန်တိန်နာပိုင်ရှင်နိုင်ငံများကို နိုင်ငံရေးနည်းလမ်း သုံးကာဖြေရှင်းခဲ့သည်။ ချမ်းသာသော နိုင်ငံကြီးအချို့၏ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုသလို မိမိနိုင်ငံ မှိုက်ကင်ရင်ပြီးရော အခြားနိုင်ငံတွေ ဘာဖြစ်ဖြစ် ဟူသည့်သဘောဖြင့် အကြောင်းအမျိုးမျိုးပြကာ ဖြေရှင်းဆောင်ရွက်နေမှုများသည် ဖိလစ်ပိုင်နိုင်ငံနည်းတူ အခြား အာရှနိုင်ငံများအပေါ် အန္တရာယ်များ ကျရောက်လျက်ရှိနေ သည်ကို သတိမူသင့်သည်။ ။

 

စိန်ခေါ်နေဆဲအမှိုက်ပြဿန၁

ကမ္ဘာ့စားနပ်ရိက္ခာပညာရှင်များကလည်း ပြောပြ သည်။ အာရှတိုက်သည် ကမ္ဘာ့စားနပ်ရိက္ခာဟိုချက်တဲ့။ ဘာကြောင့်လဲဆိုတော့ အာရှတိုက်ဟာ အခြားတိုက် များထက်စာရင် သန့်စင်သောမြေ၊ အေးမြတဲ့လေ။ ကြည်လင်တဲ့ရေတွေကြောင့် ထွက်ရှိတဲ့စားနပ်ရိက္ခာတွေ ဟာ အန္တရာယ်ကင်လို့တဲ့။ အခုအချိန်မှာတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ဖို့ တဖြည်းဖြည်းနီးလာပြီတဲ့။ ကမ္ဘာ့ စက်မှုထွန်းကားတဲ့နိုင်ငံတွေက အမှိုက်တွေ အဆမတန် အာရှတိုက်ကို ပို့နေသတဲ့။ ရေထဲပစ်ချတဲ့အမှိုက်တွေဟာ သမုဒ္ဒရာရေစီးကြောင်းမှတစ်ဆင့် အာရှတိုက် အနီးကို ရောက်နေပြီတဲ့။ အာရှတိုက်က နိုင်ငံအချို့ကလည်း အခြားဖွံ့ဖြိုးပြီးနိုင်ငံများနည်းတူ ထုပ်ပိုးခွံတွေကို အမြင် လှလှ၊ အသွင်ကြွကြွ ထုပ်ပိုးရောင်ဆယ်ကြလို့ အာရမှာ စွန့်ပစ်အမှိုက်တွေ တဖြည်းဖြည်းများလာပြီတဲ့။ အဲဒီ မှိုက်တွေကို တားဆီးနိုင်ရင် အန္တရာယ်ရှိတယ်တဲ့။ စေတနာနဲ့ပြောကြားခဲ့တာကို မှတ်ဉာဏ်ထဲမှာရှိနေတုန်းပဲ။

 

မြန်မာနိုင်ငံ၌ နိုင်ငံတော်အကြီးအကဲများ၊ ဌာန ဆိုင်ရာများ၊ သာပတ်ာန်းကျင်ဆိုင်ရာ ပရဟိတ သမားများသည် ကိုယ်တိုင်အမှိုက်ကောက်ကာ အများ ပါဝင်လာအောင်ဆောင်ရွက်လျက်ရှိသည်။ စွန့်ပစ်အမှိုက်များကိုအသုံးပြု၍ ပြုလုပ်ထားသော ပစ္စည်းမျိုးစုံကိုစံနမူနာအဖြစ် ထုတ်လုပ်ကြသည်။ ပြန်လည်ပြုပြင် သုံးစွဲကြသည်။ ထိုက်သင့်သလောက်သာ လျော့နည်းသွား သည်။ ဆွေးမြည့်မလွယ်သော အမှိုက်များကတော့ နေရအနှံ့တွင် စိန်ခေါ်နေကြဆဲဖြစ်သည်။ မကြာမီတွင် နေ အစိုးရ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ၌ ဘိလပ်မြေစက်ရုံများတွင် စွန့်ပစ်ပလတ်စတစ်အမှိုက် များကို စွမ်းအင်အဖြစ် ပြန်လည်အသုံးပြုမည်ဟုသိရှိရ သဖြင့်ဝမ်းသာရပေသည်။ အလားတူစွန့်ပစ်အမှိုက်များကို အကျိုးရှိစွာသုံးပြုသည့် စက်ရုံများစွာ ပေါ်ပေါက်ပါ စေလို့ ဆန္ဒပြုမိပါသည်။ ။

 

နိုင်ငံအသီးသီးမှ စွန့်ပစ်သိုက်ပြဿနာများကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုလျက်ရှိကြ သည်။ အမှိုက်များကိုချေဖျက်ကာ ဖိသိပ်ပြီး လောင်စာ တောင့်ပြုလုပ်၍ စွမ်းအင်ကိစ္စ ဖြေရှင်းနည်းဖြင့် ဖြေရှင်းခဲ့သဖြင့် အမှိုက်လည်းရှင်း၊ စွမ်းအင်လည်းရ နည်းဖြင့်တစ်သွယ်၊ စွန့်ပစ်အမှိုက်များကို စုစည်းကာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်၍ ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစာ၊ မြေဩဇာ၊ ကော်တောများ ထုတ်လုပ် နိုင်သော နည်းပညာကြောင့် လျှပ်စစ်လည်း၊ အမှိုက် လည်းရှင်း ပြန်လည်အသုံးပြုနိုင်သော ကုန်စည်များ လည်းရသည့်နည်းဖြင့်တစ်နည်းရှင်လျက်ရှိသည်။ အများအားဖြင့် နေ့စဉ်ထွက်ရှိသော အမှိုက်မျိုးစုံကို စည်ပင်သာယာရေးအဖွဲ့အစည်းကဲ့သို့သော ဌာနများကသာ သယ်ပို့ရှင်းစနစ်ဖြင့် ဆောင်ရွက်နေကြဆဲ ဖြစ်ပေ သည်။ လူကျဲကျဲ ငွေနည်းနည်းဖြင့် ယဉ်ပြင်ဆင်စရိတ် ကြီးကြီး၊ ဆီအကုန်အကျများများဖြင့် နိုင်ငံသူ နိုင်ငံသား များအတွက် ဆောင်ရွက်ပေးနေကြဆဲ ဖြစ်ပါသည်။ ထိုက်သင့်သောအောင်မြင်မှုများ ရရှိလျက်ရှိသော်လည်း နှေးကွေးနေဆဲ ဖြစ်သည်။ အမှိုက်မပစ်ရ ဆိုင်းဘုတ်ကို အမှိုက်များက ဖုံးအုပ်ထားဆဲဖြစ်သည်။ လမ်းဘေး ဝဲ ယာ၊ မြစ်ချောင်းကမ်းစပ်စသည်တို့တွင် စွန့်ပစ်အမှိုက် ပေါင်ဆုံက သာဖတ်ဝန်းကျင် သာယာလာမှုများကို ဖျက်ဆီးနေဆဲပင်ဖြစ်သည်။ ယင်တလောင်းလောင်း အမှိုက်ပုံတချို့ကြောင့်၊ မီးလောင်၍ ဒ်နံ့သင်းသော အနံ့ကြောင့် ရောဂါဘယပေါင်းစုံဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် လူမမာများ တန်းစီနေဆဲဖြစ်သည်။

 

လူတစ်ဦးချင်း ကိုယ်စီအသိစိတ်ဓာတ်ဖြင့်ဆောင်ရွက်ကြမယ်

အမှိုက်စွန့်ပစ်မှုပြဿနကို ဖြေရှင်းရန် နိုင်ငံသား အားလုံးတွင် တာဝန်ရှိပါသည်။ လူတစ်ဦးချင်ဆီမှ ကိုယ်စီသိစိတ်ဓာတ်ဖြင့် ဖြေရှင်းကြပါကလည်းကောင်း၊ အကျိုးရှိစွာပြန်လည်အသုံးပြုပါကလည်းကောင်းတတ် နိုင်သရွေ့ဖြေရှင်းပြီး ဖြစ်မည်ဟု ထင်မြင်မိပါသည်။ လူတစ်ဦးချင်းစီမှ ဆွေးမြည့်လွယ်သည့် ပစ္စည်းများကို ဆင်ခြင်ဝယ်ယူသုံးစွဲမယ်။ ဆွေးမြည့်ရန် ကြာရှည်တဲ့ ပစ္စည်းတွေကို အခါခါအသုံးပြုဖို့ ဆောင်ရွက်မယ်။ ချိုင့်တွေ၊ဘူးတွေနဲ့အစားထိုး သုံးစွဲမယ်။ အဲဒီလိုသုံးစွဲကြဖို့ ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်း ညပေးကြမယ်။ အမှိုက်ကောက်ပွဲတွေလုပ်ပြီး စနစ်တကျစွန့်ပစ်ကြ မယ်ဆိုရင် မိမိနေအိမ်လည်းသန့်ရှင်းမယ်။ မိမိခြံလည်း သန့်ရှင်းမယ်၊ မိမိလမ်းလည်းသာယာမယ်။ မိမိရပ်ကွက် လည်း အမှိုက်ကင်းစင်မယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မိမိနိုင်ငံလည်း သာယာလှပမယ်၊ မကောင်းဘူး။

 

သို့ဖြစ်ပါ၍ စွန့်ပစ်အမှိုက်ပြဿနာများကြောင့် မြေကမ္ဘာကြီးကျန်းမာရေးမကောင်းပါ။ ဤသည်ကို လျစ်လျူမရှုဘဲ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်သင့်သည်။ နိုင်ငံသားတစ်ဦး ချင်မှ ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ဆောင် ရွက်သင့်သည်။ ပလတ်စတစ်ကဲ့သို့ နှစ်ပေါင်းရာထောင်ချီမှ ဆွေးမြည့်ပျက်စီးမည့်ပစ္စည်းများကို တဖြည်းဖြည်လျှော့ ချသုံးစွဲသွားသင့်သည်။ ဆွေးမြည့်လွယ်သော ပစ္စည်းများ ဖြင့် ထုပ်ပိုခွံများကို တီထွင်သုံးစွဲသင့်သည်။ တစ်ခါ တည်း အသုံးပြု၍လွယ်လွယ်ကူကူ စွန့်ပစ်မည့်အစား အခါခါ သုံးစွဲကြရေး ပညာပေးသင့်သည်။ သို့မှသာ အခတ်မျိုးဆက်သစ်များအတွက် အာဟာရပြည့်ဝ တဲ့မြေ၊ည်လင်သန့်စင်တဲ့ရေ၊ လန်းဆန်းကျန်းမာတဲ့လေကို အမွေပေခဲ့ရာ ရောက်သည်။ ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို လက်ဆင့် ကမ်းပေး ရာရောက်မည်။ ကျန်းမာသော လူ့စွမ်းအားအရင်းအမြစ် များကို ပုံသွင်ပေးရာရောက်မည်။ မြေကမ္ဘာကြီး၏ ဆုတောင်းကိုလည်း ဖြည့်ဆည်းပေးရာ ရောက်မည်ဖြစ် ပါကြောင်း တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း