ခန္တီး ၁၃ ဇွန်    

 

ခန္တီးမြို့တွင်းရှိ ဈေးဆိုင်တိုက်ခန်းရှေ့တွင် အမှိုက်များဖြင့် ပိတ်ဆို့နေသည့် ရေမြောင်းများကို ရေစီးရေ လာကောင်းမွန်စေရေးရန် ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဘကြိုင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များဦးစီး၍ ပြည်သူများနှင့်ပူးပေါင်းကာ ခန္တီးမြို့မဈေးလမ်းတစ်လျှောက် ရွှံ့၊ အမှိုက်သရိုက်များ၊ ရေဆိုးရေညစ်များဖြင့် ပိတ်ဆို့နေသည့် ရေမြောင်းများအား ယမန်နေ့က ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ထုတ်ရန် ကျန်ရှိနေသည့် နေရာများကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခင်မျိုးမျိုးအောင် ပြောပြချက်အရ သိရှိရသည်။

 

စနေမောင်

 

IMG_201