၁၁ မတ်

 

ကယားပြည်နယ်အတွင်းရှိ စာစစ်ဌာန (၂၁)ခု တွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၇၉၀၆) ဦးဝင်ရောက်ဖြေဆို

 

ကယားပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် ဖြေဆိုကြရာတွင်  စာစစ်ဌာန (၂၁) ခု၌ ကျောင်းသား၊ ကျောင်းသူပေါင်း စာရင်းရှိ (၈၄၆၃) ဦး၊ ဝင်ရောက်ဖြေဆို သူ (၇၉၀၆) ဦး၊ ပျက်ကွက် (၅၅၇) ဦးရှိကြောင်းကို အခြေခံပညာဦးစီးဌာန ကယားပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ တက္ကသိုလ်ဝင်စားမေးပွဲကို လွိုင်ကော် အကျဉ်းထောင်၌ စာမေးပွဲ အလွတ်ဖြေဆိုသူ ကျောင်းသား (၁) ဦးရှိကြောင်းလည်း သိရသည်။

 

ထွန်းလေး

 

ဟုမ္မလင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၆၀၈၁ ဦးရှိ

             

မတ် (၁၁) ရက်တွင် စတင်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဟုမ္မလင်းမြို့နယ် စာဖြေဌာန (၁၀) ခု၌ ကျောင်းသား၊ ကျောင်းသူ (၆၀၈၁) ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၅၃၃) စာရင်းရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၃၄၆)   ဦး၊  ကျောင်းသူ (၃၇၃၅) ဦး စုစုပေါင်း (၆၀၈၁) ဦး ဝင်ရောက်ဖြေဆိုပြီး ကျောင်းသား(၂၆၅) ဦး၊ အမျိုးသမီး (၁၈၇) ဦး စုစုပေါင်း(၄၅၂) ဦးပျက်ကွက်ခဲ့ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး  ထံမှသိရသည်။

 

လင်းလင်း(ပြန်/ဆက်)

 

ပူတာအိုမြို့နယ်စာစစ်ဌာနများတွင် ခေါင်လန်ဖူးမြို့နယ်ရှိ ကျောင်းသားများအပါအဝင် စာမေးပွဲဖြေဆိုသူ (၂၁၉၈)ဦးရှိ

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ စတင်ဖြေဆိုလျက်ရှိရာ ပူတာအိုမြို့နယ်ရှိ စာစစ်ဌာန (၃) ခုတွင် ခေါင်လန်ဖူးမြို့နယ် ကျောင်းသူကျောင်းသား (၄၉) ဦး အပါအဝင် စုစုပေါင်း(၂၁၉၈) ဦးဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူ (၄၉) ဦးမှာ အထက-ပူတာအို စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

 

ဆန်းညွန့်(ပူတာအို)