၁၂ မတ်
အုတ်ဖိုမြို့နယ်စာစစ်ဌာနများတွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆို
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ စာစစ်ဌာန လေးခု၌ တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိရာ အ.ထ.က(အုတ်ဖို) တွင် ပျက်ကွက်သူ(၈၁)ဦး၊ ဖြေဆိုသူ(၉၅၆)ဦး၊ အ.ထ.က (အိုးသည်ကုန်း) တွင် ပျက်ကွက်သူ(၃၀)ဦး၊ ဖြေဆိုသူ(၄၀ဝ)ဦး၊ အ.ထ.က(အေးမြသာယာ)တွင် ပျက်ကွက်သူ(၁၅)ဦး၊ ဖြေဆိုသူ(၂၁၈) ဦးနှင့် အ.ထ.က(ခွဲ) လသာကုန်းတွင် ပျက်ကွက်သူ(၂၃) ဦး၊ ဖြေဆိုသူ(၁၆၁)ဦးရှိကြောင်း သိရသည်။ စုစုပေါင်း ကျောင်းသား ကျောင်းသူ (၁၇၃၅) ဦး ဖြေဆိုလျက်ရှိကြောင်းနှင့် ပျက်ကွက်သူ (၁၄၉) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်သူ(အုတ်ဖို)

ညောင်ရွှေမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ( ၄၁၉၉ )ဦး ဝင်ရောက်ဖြေဆို
ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ် ဌာန(၁၂)ခုတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၃၉၉) ဦး စာရင်းပေးသွင်းထားပြီး ( ၄၁၉၉ )ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ
မြန်အောင်မြို့နယ် စာစစ်ဌာန ၉ ခုတွင် ဖြေဆိုသူ ၉၁ ဒသမ ဝ၂ ရာခိုင်နှုန်းရှိ
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ကို ယနေ့ ဆက်လက်ဖြေဆိုလျက်ရှိရာ မြန်အောင်မြို့နယ် စာစစ်ဌာန ၉ ခုတွင် စာရင်းပေးသွင်းထားသူ ၂၈၅၁ ဦးရှိသည့်အနက် ဖြေဆိုသူ ၂၅၉၅ ဦး၊ ပျက်ကွက်သူ ၂၅၆ ဦး ရှိကြောင်း သိရပြီး ရာခိုင်နှုန်းအနေဖြင့် ၉၁ ဒသမ ဝ၂ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ဝင်းဗိုလ် (မြန်အောင်)

ကျိုက်မရောမြို့နယ်တွင် ဖြေဆိုမှု ရာခိုင်နှုန်း ၉၅ ဒသမ ဝ၄ ရှိ
ကျိုက်မရောမြို့နယ်အတွင်း စာစစ်ဌာန သုံးခုရှိရာ ဖြေဆိုခွင့်လျှောက်ထားသော ကျောင်းသားကျောင်းသူ ၁၄၇၂ ဦးအနက် အထက ကျိုက်မရော စာစစ်ဌာနတွင် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူကျောင်းသားတစ်ဦး အပါအဝင် ၁၃၉၉ ဦး လာရောက်ဖြေဆိုပြီး ၇၃ ဦးပျက်ကွက်သဖြင့် ဖြေဆိုမှု ရာခိုင်နှုန်း ၉၅ ဒသမ ဝ၄ ရှိကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)

ဝါးခယ်မမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ဖြေဆိုသူ ၉၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိ
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့တွင် ဝါးခယ်မမြို့နယ် စာစစ်ဌာန ၁၂ ခု၌ ဖြေဆိုသူ စုစုပေါင်း ၄၇၆၀ ဦး စာရင်းပေးသွင်းထားသည့်အနက်မှ ဖြေဆိုသူ စုစုပေါင်းမှာ ၄၃၃၀ ဦးရှိသဖြင့် ရာခိုင်နှုန်း အနေဖြင့် ၉၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)
