အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms.June Kunugi နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၈ ဒီဇင်ဘာ 


အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.June Kunugi နှင့် အဖွဲ့အား ယနေ့နံနက် ၁၀နာရီခွဲတွင် အမျိုးသား လွှတ်တော် (J) ဆောင်၌ လက်ခံ တွေ့ဆုံသည်။

 
တွေ့ဆုံစဉ် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)