နေပြည်တော်   ၂၁  မေ

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းများ အသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးသို့ ယနေ့ နံနက်ပိုင်းတွင် PPE ဝတ်စုံ (၂၀ဝ)နှင့် MASK (၅၀ဝ၀) လာရောက်လှူဒါန်းသည်။

အလားတူ မွန်းလွဲပိုင်းတွင် "စု" အသက်မွေးဝမ်းကျောင်း သိပ္ပံကျောင်း(ရွှေပြည်သာ) နည်းပညာနှင့် ဘာသာစကား ပညာဒါနသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် စေတနာ့ဝန်ထမ်းများက IDP စခန်းနှင့် တိုက်ပွဲရှောင်စခန်းများအတွက် အဝတ်ပိတ် Mask (၇၀ဝ၀)နှင့် Quarantine Center များရှိ စေတနာ့ဝန်ထမ်း များအတွက်  Surgical Gown အစုံ(၁၀ဝ) တို့ကိုလည်းကောင်း၊ ယမန်နေ့ နံနက်ပိုင်းကလည်း ပုသိမ်မြို့မှ ဦးဟုတ်ဆန်း+ဒေါ်ကြင်ကြင်ရီ၊ ဦးအုန်းကျင်၊ ဦးသန်းဌေးအောင်+ မချိုချိုဝင်း၊ ကိုကျော်ကျော်အောင်+မခင်မိုးမိုး၊ ဒေါက်တာမိုးမြတ်ထွန်း+ ဒေါက်တာလင်းလင်းခိုင်၊ ဒေါက်တာအောင်ဇော်လင်း+ ဒေါက်တာအိမွန်မွန်ကျော် (မိုးမိုးကျော် မိသားစု) က ငွေကျပ် သိန်း(၃၀) တန်ဖိုးရှိ Mask များနှင့် ဆေးတက္ကသိုလ်(မကွေး) စတုတ္ထအပတ်စဉ် ကျောင်းသားဟောင်းဆရာဝန်များအဖွဲ့က ငွေကျပ် သိန်း(၄၀)တန်ဖိုးရှိ Mask များကို လာရောက် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်