နေပြည်တော် ၁၇ မတ်

 

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (/၂၀၂၀)ကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

Aa1

 

အစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မိမိတို့အနေဖြင့် Energy Mix တွင် ပြန်ပြည့်မြဲစွမ်းအင် ပါဝင်မှုကို မြှင့်တင်သွားနိုင်ရန်နှင့် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ရည်ရွယ်ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင် ရက်မှစပြီး လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ပြောင်းလဲသတ်မှတ်လိုက်သည့်အတွက် Energy Saving နှင့်ပတ်သက်ပြီး အများပြည်သူ၏ Awareness ကို မြှင့်တင်ပေးလိုက်နိုင်သည့်အပြင် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍသာမက ရေအား၊ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စသည့် ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံလိုသူများ၏ စိတ်ဝင်စားမှု တိုးတက်များပြားလာခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တွင် တည်ရှိနေသည့် ရေအားအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေအားလျှပ်စစ်စီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ရေအားလျှပ်စစ်စီမံကိန်းများသည် နှစ်ရှည်စီမံကိန်းများဖြစ်ပြီး လက်ရှိဆောင်ရွက်ဆဲ စီမံကိန်းများအနက် လာမည့် နှစ်အတွင်း မဂ္ဂါဝပ် ၅၀၀ ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း။

 

Aa2

 

ထို့အပြင် တိုးတက်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ရေတိုအစီအစဉ်အနေဖြင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ရုံမှ စုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ပြီး မကြာမီ စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရန် ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများအနက် ဆိုလာအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုတွင် စီမံကိန်း ၆၁ ခုမှ စုစုပေါင်းတပ်ဆင်အင်အား ၅၇၄၆ ဒသမ ၃၇ မဂ္ဂါဝပ်၊ လေအားအတွက် တိုင်းဒေသကြီး ခုတွင် အဆိုပြုစီမံကိန်း ခုမှ စုစုပေါင်း ၁၁၆၃ မဂ္ဂါဝပ်နှင့် Biomass အတွက် စုစုပေါင်း တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၀၀ ရှိ စီမံကိန်း ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ် ခုတွင် ဆောင်ရွက်ရန် အဆိုပြုထားပါကြောင်း။

 

အဆိုပါစီမံကိန်းများကို သုံးသပ်ရာ၌ Location, Technology, Design, Installed Capacity အနီးဆုံးနေရာတွင် တည်ရှိသည့် ဓာတ်အားခွဲရုံ၊ ဆိုလာစီမံကိန်းမှ ဓာတ်အားထုတ်လုပ်မှုကို လိုက်လံထိန်းညှိအသုံးပြုမည့် အနီးဆုံး Based Load စက်ရုံ၊ ESIA အရ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်နိုင်မှုတို့အပေါ် မူတည်သုံးသပ်ထားပါ ကြောင်း၊ 2021 Energy mix တွင် ပြန်ပြည့်မြဲစွမ်းအင်ကို ကဏ္ဍတစ်ခုအထိ ရောက်ရှိအောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်များ ပြည့်မီရေးအတွက်လည်း ကာလတို/ ကာလလတ်/ကာလရှည် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

ထို့အပြင် မကြာခင် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၏ Electrification Rate သည် ၁၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိမည့်အပြင် မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားဒေသများ ဖြစ်သည့် မြဝတီ၊ ကော့ကရိတ်၊ ဘားအံ စသည့် နေရာဒေသများအထိ လျှပ်စစ်မီးရောက်ရှိအောင် ဌာနအနေဖြင့် ဆောင်ရွက်ထားပြီး မိုင်းပြင်း၊ ကျိုင်းတုံ၊ ကလေးနှင့် မော်လိုက် စသည့် ဒေသများသို့ မကြာမီ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် လျှပ်စစ်ဓာတ်အားရောက်ရှိမည်ဖြစ်၍ ရေး - ထားဝယ် ဓာတ်အားလိုင်းကို မကြာခင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးတွင် အဓိကတင်ပြသွားမည့် ပြန်ပြည့်မြဲစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က (/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေးနှင့် ဆောင်ရွက်လျက်ရှိသော ပြန်ပြည့်မြဲစွမ်းအင်ကိစ္စရပ်များနှင့် အဆိုပြုတင်ပြလာမှုများ၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်က နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ နေစွမ်းအင်စီမံကိန်းနှင့် လေစွမ်းအင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

 

သက်ဆိုင်သူများ၏ အားစိုက်ဆောင်ရွက်မှု၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍသည် လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်နေပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှုသည် ၂၀၁၆ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၅၅ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်နေရာ ပင်မရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း ရရှိရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်