နေပြည်တော်  ၁၆ မေ 

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ကို ၂၀ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ဖွင့်လှစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ပကတိအချိုးအစားကိုရယူ၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စေတီပုထိုးများ၊ အထိမ်းအမှတ်အဆောက်အအုံများ၊ ရေမြေတောတောင်သဘာဝများ၊ တိုင်းရင်းသား သွေးချင်းများ၏ ရိုးရာနေအိမ်များ၊ ဓလေ့ထုံးစံဝတ်စားဆင်ယင်မှုများ၊ ရိုးရာ အစားအစာများဖြင့် စိတ်ဝင်စားဖွယ်ဖြစ်စေရန် တည်ဆောက်ပြသထားလျက်ရှိသည်။

 

ပွင့်လင်းရာသီအတွင်း အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)သို့ လာရောက် ကြည့်ရှုလေ့လာကြမည့် အများပြည်သူများ ကြည်နူးပျော်ရွှင်စွာ အပန်းဖြေစေနိုင်ရန် အတွက်  မေ ၁၉ ရက် (စနေနေ့)တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက နံနက် ၁၀ နာရီမှ  မွန်းလွဲ  ၃ နာရီအထိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ယိမ်းအကများ၊ တေးသံသာများ၊ မျက်လှည့် အစီအစဉ်များ၊ ပဒေသာယိမ်းအကများ၊ အငြိမ့်အစီအစဉ်နှင့် ဟာသတစ်ခန်းရပ် များဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ရာ အမျိုးသားအထိမ်း အမှတ်ဥယျာဉ် (နေပြည်တော်) ဖျော်ဖြေပွဲအား မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)