နေပြည်တော်   စက်တင်ဘာ   ၂၂

အမျိုးသား     စည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး    ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး  မင်းနောင်သည်    ကမ္ဘော ဒီးယား  နိုင်ငံခြားရေးနှင့်        အပြည်ပြည် ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊  အာဆီယံဥက္ကဋ္ဌ၏  အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင်  H.E. Dr. KUNG Phoak  ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင် မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်    ညှိနှိုင်းရေးကော်မတီ  အတွင်းရေးမှူးက     တိုင်းရင်းသား လက်နက်ကိုင်      အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေ၊      လူသား ချင်းစာနာထောက်ထားမှု   အကူအညီ ပေးရေးဆိုင်ရာ        ကိစ္စများအတွက် သက်ဆိုင်ရာ        အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။ 

ယင်းနောက်     အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် က     မြန်မာနိုင်ငံအတွက်   လူသားချင်း စာနာထောက်ထားမှု  အကူအညီပေးရေး ဆိုင်ရာကိစ္စများ၊ မြန်မာနိုင်ငံ၏   လက်ရှိ နိုင်ငံရေးအခြေအနေအပေါ်      ဖြေရှင်းနိုင် ရေးကိစ္စများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် နှစ်ဖက်သိရှိလိုသည်များ ကို အပြန်အလှန်  ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း    သိရ သည်။                     

သတင်းစဉ်