နေပြည်တော်  ဩဂုတ် ၂၃

 

၂၀၁၉-၂၀၂၂  ခုနှစ်များအတွက် အမျိုးသားကျန်းမာရေးအသုံးစရိတ် (National Health Account) ဆိုင်ရာအချက်အလက်များ ဆန်းစစ်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က ယခုဆောင်ရွက် လျက်ရှိသော အမျိုးသားကျန်းမာရေး အသုံးစရိတ်စစ်တမ်းများမှ အချက်အလက်များကို ဆန်းစစ် သုံးသပ်၍ လိုအပ်သောနေရာများတွင် ဘဏ္ဍာငွေ ခွဲဝေချထားခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်မည့်အပြင် ပြည်သူများ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ ဆေးကုသရခြင်းအခြေအနေများ လျှော့ချရန်အတွက် ရှင်းလင်းတိ ကျသည့် ကျန်းမာရေးဘဏ္ဍာဆိုင်ရာ မဟာဗျူဟာများကိုလည်း အမြန်ဆုံးဖော်ထုတ် အကောင် အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တိကျမှန်ကန်သော ကျန်းမာရေးအသုံးစရိတ်များ ကောက်ခံ ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဝန်ကြီးဌာနများနှင့် မြို့တော် စည်ပင်သာယာရေးကော်မတီများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)