နေပြည်တာ် ၅   ဒီဇင်ဘာ

 

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပထမနေ့ကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ် ( I-20 ) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကော်မတီဉက္ကဋ္ဌ ဦးသိမ်းဆွေက  အဖွင့်အမှာစကားပြောကြားပြီး  ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဆို၊  မေးမြန်းခဲ့သည့်  မေးခွန်းများအနက် အတည်ပြုခဲ့သည့် အဆို၊ ကတိဖြစ်ပေါ် ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍  သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဖွဲ့များမှ တာဝန်ရှိသူများအား  ကော်မတီအဖွဲ့ဝင်များက  မေးမြန်းဆွေးနွေး၍  အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အစည်းအဝေးသို့ ကော်မတီအတွင်းရေးမှူး  ဦးကျော်နီနိုင်၊  ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)