နေပြည်တော်     ၆    ဒီဇင်ဘာ

 

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ  တာဝန်ရှိပုဂ္ဂိုလ် များအား ဖိတ်ကြား၍ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ် I-20  အပေါ်ထပ် အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 

အစည်းဝေးတွင် ကော်မတီဉက္ကဋ္ဌ ဉီးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး၊  ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းဝေးတွင် တင်သွင်းခဲ့သည့် အဆို၊ မေးမြန်းခဲ့သည့်  မေးခွန်းများအနက် အတည်ပြုခဲ့သည့်အဆို၊ ကတိဖြစ်ပေါ်ခဲ့သည့်  မေးခွန်းများနှင့် စပ်လျဉ်း၍  သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ကော်မတီ အဖွဲ့ဝင်များက  မေးမြန်းဆွေးနွေး၍  အတည်ပြုခြင်း များဆောင်ရွက်ခဲ့ကြသည်။

 

 အစည်းအဝေးသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်နီနိုင်၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်း၊  ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်