နေပြည်တော် ၁၇ ဇူလိုင်
အမျိုးသားလွှတ်တော်၊ ပြည်သူများ၏ တိုင်ကြားစာဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသားလွှတ်တော်ရေးရာ ဆောင်အမှတ် (I-20)၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေပြုရေးကိစ္စ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


