နေပြည်တော် ၄ အောက်တိုဘာ
အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား Professor Yozo Yokota ဦးဆောင်သော Direct Contacts Mission အဖွဲ့က ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် အလုပ်ရှင်၊ အလုပ်သမားနှင့် သက်ဆိုင်သော ဥပဒေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်သော ဦးလှဆန်း၊ ဒေါ်စန်းစန်းမြင့်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
MDN