နေပြည်တော် ၁၀ ဖေဖော်ဝါရီ
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ချက်သမ္မတနိုင်ငံ၊ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr.Jan Hornik နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင် (I-20) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ပြည့်သူ့ငွေစာရင်းကော်မတီဝင် နော်လှလှစိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်