နေပြည်တော် ၈ ဩဂုတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mr. Nandimithra Ekanayake နှင့်အတူ သံရုံးဝန်ထမ်း(၁)ဦး၊ မြန်မာနိုင်ငံရှေ့နေအသင်း (Myanmar Bar Association - MBA) မှ အလုပ်အမှုဆောင်များနှင့် အသင်းဝင်များ (၃၆)ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြကြောင်း သိရသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့်ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၂၀ဝ၉၇)ဦးနှင့် ပြည်ပဧည့်သည် (၂၁၅၉) ဦးရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ဓာတ်ပုံ- အမျိုးသားလွှတ်တော်


