အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အင်ဒိုနီးရှားနိုင်ငံ အထက်လွှတ်တော် Regional Representative Council မှ ဒုတိယဥက္ကဋ္ဌ Lt.Gen (Han) Dr.Nano Sampono, M.Si အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀ နိုဝင်ဘာ 

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် အင်ဒိုနီးရှားနိုင်ငံ အထက်လွှတ်တော် Regional Representative Council မှ ဒုတိယဥက္ကဋ္ဌ Lt. Gen (Han) Dr. Nano Sampono, M. Si အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေးနှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် မြန်မာ-အင်ဒိုနီးရှား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)