ရန်ကုန်  ၂၂  စက်တင်ဘာ 

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ကာဇက်စတန်သမ္မတနိုင်ငံ  Nur-Sultan မြို့၌ စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်မည့် 4th  Meeting of Speakers of the Eurasian  Countries’  Parliaments သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ ယနေ့နံနက်  ၅ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်မှ အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ပြည်သူ့ လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင်  ဦးစိန်ဗိုလ်နှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။ 

(သတင်းစဉ်)