နေပြည်တော် ၅ ဒီဇင်ဘာ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စစ် ဟာနားမောတိုးလ်ဗားအား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ချက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ချင်း ပိုမိုခိုင်မာစွာ ဆက်သွယ်ဆောင်ရွက်ရေး၊ ပြည်ထောင်စုအဆင့် လွှတ်တော်များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များမှ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)


