mdn

နေပြည်တော် နိုဝင်ဘာ ၂၂

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် National Democratic Institute-NDI ၏ ဥက္ကဋ္ဌ မစ္စတာ ဒဲရစ်မစ်ချယ် အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် National Democratic Institute-NDI ၏ ဆောင်ရွက်မှုအခြေ အနေများ၊ လွှတ်တော်များ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများအတွက် အရည်အသွေးမြှင့်တင်ရေးနှင့် ဆက်လက်အကူအညီပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံး မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)