နေပြည်တော်   ဇူလိုင်  ၂၆

 

အမျိုးသား       လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန   (၁)    ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး   မိုးအောင် သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်      ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊  အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့မှ ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊   ဘင်းမ်စတက် အတွင်းရေးမှူးချုပ်နှင့်   ၎င်းတို့၏ ဇနီးများအား ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

ညစာစားပွဲသို့    အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ ဖြစ်ကြသည့်   အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval ၊    ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊  ဘူတန်နိုင်ငံမှ Mr.  Sonam Wangyel ၊   နီပေါ နိုင်ငံမှ  H.E. Mr. Harishchandra Ghimire ၊      သီရိလင်္ကာနိုင်ငံမှ General   Kamal    Gunaratne (Retd)WWV RWP  RSP  USP Ndc psc MPhil ၊  ထိုင်းနိုင်ငံမှ  H.E. Mr. Ruchakorn NAPAPORNPIPAT ၊  ဘင်းမ်စတက်  အတွင်းရေးမှူးချုပ် H.E. Mr.  Indra Mani Pandey  နှင့် ၎င်းတို့၏  ဇနီးများ၊  စတုတ္ထ အကြိမ်မြောက်    ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများနှင့်  ဇနီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြသည်။

 

ဦးစွာ  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်  ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့်  ဇနီးများသည် M Gallery ဟိုတယ်၌ ခင်းကျင်းပြသထားသည့်    မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၊  ရိုးရာအထိမ်း အမှတ်ပစ္စည်းများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်း  အရောင်းဆိုင်များကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

ထို့နောက်      ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မိုးအောင် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ယင်းနောက်    ပြည်ထောင်စု ဝန်ကြီး   ဗိုလ်ချုပ်ကြီး   မိုးအောင် သည်  အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊    ဘင်းမ်စတက် အတွင်းရေးမှူးချုပ်နှင့်  ၎င်းတို့၏ ဇနီးများနှင့်အတူ  ညစာကို ချစ်ကြည်ရင်းနှီးစွာ    အတူတကွ သုံးဆောင်ကြသည်။

 

ညစာ သုံးဆောင်နေစဉ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  အနုပညာဦးစီးဌာနမှ အနုပညာရှင်များ က            မြန်မာ့ ယဉ်ကျေးမှုအကအလှများ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၏ ရိုးရာအကများ၊  ဘင်းမ်စတက် ဂုဏ်ပြု တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြကြသည်။

 

ညစာစားပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများက      သီဆိုကပြဖျော်ဖြေ ပေးကြသည့်       အနုပညာဦးစီးဌာနမှ   အနုပညာရှင် များအား ဂုဏ်ပြုပန်းခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ပြီးစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

သတင်းစဉ်