နေပြည်တော် ၁၀ သြဂုတ်
နေပြည်တော်ရှိ အမျိုးသားပြတိုက်(နေပြည်တော်)သို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ မြန်အောင်မြို့နယ် မြို့ရွှေကျောင်းပရဟိတမှ ဆရာတော်နှင့် အုပ်ချုပ်သူများ၊ ကျောင်းသား/ကျောင်းသူများသည် သြဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် လာရောက်ကြည့်ရှုလေ့လာကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့အား အမျိုးသားပြတိုက်ရှိ Mini Theatre တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့များသည် အမျိုးသားပြတိုက်(နေပြည်တော်)တွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လေ့လာကြည့်ရှုကြသည်။
သတင်းစဉ်


