ပျော်ဘွယ် အောက်တိုဘာ ၂၈

 

ပျော်ဘွယ်မြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် နေအိမ်ပျက်စီးသူများ၊ လူသေဆုံးမှုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် အလှူငွေများအား ထပ်ဆင့်ပေးအပ်ပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က မြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအခြေအနေများ၊ ကူညီထောက်ပံ့ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ရေဘေးအန္တရာယ် ခံစားခဲ့ရသူများအနေဖြင့်လည်း စိတ်အားငယ်မှုမရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် အလှူငွေများကို ထပ်ဆင့်ပေးအပ်သည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြောင့် နေအိမ်ပျက်စီးခဲ့သည့် (၂၉)အိမ်အတွက် တစ်အိမ်လျှင်ငွေကျပ် ၂၃၅၀၀၀၀၊ ရေနစ်မြုပ်မှုကြောင့် လူသေဆုံးခဲ့သည့်ပြည်သူ (၁၆)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၅၀၀၀၀၀ ကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းမင်းထွေး(ပျော်ဘွယ်)