အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၁ စက်တင်ဘာ    

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းတာဝန်(၁၅)ရပ်နှင့်အညီ လုပ်ငန်းကော်မတီများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ သဘာဝဘေးဖြစ်ပွားပါက အလျင်အမြန် တုံ့ပြန်နိုင်ရေးဆောင်ရွက်ခြင်း၊ ဘေးဒဏ်ခုခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများအလိုက် သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အခြေခံလိုအပ်သော အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများသာမက ခေတ်မီနည်းပညာသုံး အသက်ကယ်ပစ္စည်းကိရိယာများ အသင့်ရှိရန်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက်များ၊ စီမံကိန်းများရေး ဆွဲ၍ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အမျိုးသားကော်မတီမှ သဘာဘေးစီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ပညာရှင်များ၏ အကြံပြုချက်များရယူဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ လှူဒါန်းမှုများကိုလည်း အလျင်အမြန်တုံ့ပြန်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အကျိုးရှိစွာသုံးစွဲလျက်ရှိပါကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် အခြားလုပ်ငန်းကော်မတီများနှင့်လည်း လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ရန်ပုံငွေများစနစ် တကျသုံးစွဲမှု၊ ၂၀၁၈ ခုနှစ် ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ယခုနှစ် ရေကြီးရေလျှံမှုများဖြစ်ပွားမှုနှင့် ပြန်လည်ထူထောင်ရေးများ စတင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေါင်းစပ်ညှိနှိုင်းပေးသည်။ 

သတင်းစဉ်