၂၈  ဖေဖော်ဝါရီ

(၆၄) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ ပြည်ထဲရေးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်းတို့ တံခွန်စိုက်ဆုဖလားများ ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲအပြီးတွင် အမျိုးသမီးတံခွန်စိုက်ဆုကို ပြည်ထဲရေး၊ အမျိုးသားတံခွန်စိုက်ဆုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်း၊ အမျိုးသား+အမျိုးသမီး စုပေါင်းတံခွန်စိုက် ဆုကိုပြည်ထဲရေး အသင်းတို့က ရရှိခဲ့သည်။

အမျိုးသမီးပြိုင်ပွဲတွင် ပြည်ထဲရေးအသင်းက ၁၄၇ မှတ်ဖြင့် ပထမ၊ ကာကွယ်ရေးအသင်းက ၁၃၈ မှတ်ဖြင့် ဒုတိယ၊ ဆောက်လုပ်ရေးအသင်းက ၅၁ ဒသမ ၅ မှတ်ဖြင့် တတိယ၊အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်းက ၁၃၅ မှတ်ဖြင့် ပထမ၊ ပြည်ထဲရေးအသင်းက ၁၀၄ မှတ်ဖြင့် ဒုတိယ၊ ကာကွယ်ရေးအသင်းက ၈၅ မှတ်ဖြင့် တတိယ၊ အမျိုးသား+အမျိုးသမီးစုပေါင်းပြိုင်ပွဲတွင် ပြည်ထဲရေးအသင်းက ၂၄၄ မှတ်ဖြင့် ပထမ၊ ကာကွယ်ရေးအသင်းက ၂၂၃ မှတ်ဖြင့် ဒုတိယ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်းက ၁၃၇ မှတ်ဖြင့် တတိယတို့ ရရှိခဲ့သည်။ပြိုင်ပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ပြည်ထဲရေးအသင်း၊ အမျိုးသားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသင်း၊ အမျိုးသား+အမျိုးသမီးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ပြည်ထဲရေးအသင်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရခဲ့သည့်ကစားသမားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြင့်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုကိုစိုးညွန့်