ရန်ကုန် နိုဝင်ဘာ ၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန၌ သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများ ပြန်လည်စိစစ်ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပြင်ပပညာရှင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေးတွင် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနသို့ လာရောက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို သင်ကြားပို့ချနိုင်ရေးအတွက် စနစ်ကျ၍ ခိုင်မာအားကောင်းသည့် သင်ရိုးညွှန်း တမ်းများနှင့် သင်ခန်းစာများကို ပြန်လည်စိစစ် ညှိနှိုင်းရေးဆွဲရေး တက်ရောက်လာ ကြသည့် ပြင်ပပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း မိမိတို့ ဘဝသက် တမ်းတစ်လျှောက် လေ့လာဆည်းပူးခဲ့ကြသည့် ပညာရပ်များနှင့် အတွေ့အကြုံများ၊ သင်ရိုးအဖြစ် ပြဋ္ဌာန်းသင့်သည့် သင်ကြားသင့်သည့် ပညာရပ်များကို မခြွင်းမချန်ဘဲ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန ဖွင့်လှစ်ပြီးနောက် သင်ကြားရေးပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု ပညာဌာန၏ သင်ကြားရေးပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ပံ့ပိုးမှုအပိုင်းနှင့်ပတ်သက်၍လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန တွဲဖက်ပါမောက္ခ(ဌာနမှူး) ဒေါ်မျိုးက ရေးဆွဲပြီးစီးသည့် သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြရာ အစည်းအဝေးတက် ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


