နေပြည်တော် စက်တင်ဘာ ၁၉

အမျိုးသမီး (၁) ဦး ကို တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နေ မချယ်ရီမင်းမင်း (ခ) ချယ်ရီနှင့် နန်းမားကျေးရွာနေ မကေသီစိုး (ခ) ချီချီ တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နေ မ---၊ ၁၈ နှစ်ကို တရုတ်နိုင်ငံတွင် တရုတ်ယောင်္ကျားယူရမည့် အလုပ်လုပ်ပါက ယွမ် ၁၅၀၀၀ ရရှိမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ်များရယူခဲ့သဖြင့် မူဆယ်မြို့မရဲစခန်း (ပ) ၉၇ / ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) / ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ တရားခံ မကေသီစိုး (ခ) ချီချီ ကို လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်