နေပြည်တော် ၁၃ မတ်
ပုသိမ်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အမျိုး သမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (၃၇) ကျောင်းမှ သင်တန်းသား ၁၉၁၀ သင်တန်းဆင်းခဲ့ကြပြီး သင်တန်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုအချိန်အထိ သင်တန်းပြီးဆုံးခဲ့သည့် သင်တန်းသား အရေအတွက်မှာ ၈၉၈၉၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ၄၀၄၉၆ ရှိ၍ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု ၄၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လှမင်းထွန်း