အမျိုးသမီးခေါင်းဆောင်မှု မြင့်မားလာစေရန်နှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေး စကားဝိုင်း ကျင်းပ

သုဝဏ္ဏဝတီ  ၁၉   အောက်တိုဘာ

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ရွှေရတုခန်းမ (အထက.ကျိုက္ကော်)၌ အောက်တိုဘာ ၁၉ ရက်နေ့နံနက် ၉ နာရီအချိန်က ဘဝအလင်းစာကြည့်တိုက်မှ  ဦးဆောင်ကျင်းပသော အမျိုးသမီးခေါင်းဆောင်မူ မြင့်မားလာစေရန်နှင့် ကျားမခွဲခြားဆက်ဆံမူများ ပပျောက်စေရန်အတွက် စကားဝိုင်း ကျင်းပသည်။

 

စကားဝိုင်းတွင် ဘဝအလင်းစာကြည့်တိုက်နှင့် အမျိုးသမီးခေါင်းဆောင်ဖြစ်သူ မယွန်းမီမီအောင်မှ စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ ၊ ဦးစိုးလွင် (ဒု-ညွှန်ကြားရေးမှူး သထုံခရိုင်ဦးစီးမှူး၊ လူမူဝန်ထမ်းရုံး)၊ ဒေါ်သန်းသန်းမူ (မရမ်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း)၊ ဦးအောင်နိုင်ထွေး (ဘဝအလင်းစာကြည့်တိုက်)တို့က ဦးဆောင်ဆွေးနွေးကြပြီး သိလိုသည့် အကြောင်းအရာများကို တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားသည်။

 

အဆိုပါစကားဝိုင်းသို့ ကျေးရွာများမှ အမျိုးသမီးများ၊ စိတ်ဝင်စားသူများ၊ အသင်းအဖွဲ့များ စုစုပေါင်း ၁၀၁ ဦး  တက်ရောက်ကြ​ကြောင်း သိရသည်။

 

ခွန်(ဝင်းပ)