ပုဗ္ဗသီရိ အောက်တိုဘာ ၁၂
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်၌ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးအသိပညာပေး Talk Show ကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့က မည်သည်ကို အကြမ်းဖက်မှုဟု ခေါ်သနည်း၊ အကြမ်းဖက်မှုကို မည်သူတို့က ပိုခံရသလဲ၊ အကြမ်းဖက်မှုအမျိုးအစားများကို မည်ကဲ့သို့ ခွဲခြားသနည်း၊ အကြမ်းဖက်မှုများ လျော့ပါးအောင် မည်ကဲ့သို့ လုပ်ဆောင်သင့်သနည်း၊ အကြမ်းဖက်မှုများကြောင့် ဖြစ်ပွားသည့် ဆိုးကျိုးများအကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြ သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)


