ကလော ၂၂ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းဖြေရှင်း ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကလောမြို့နယ် အမျိုးသမီးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူး
ဆရာမကြီး ဒေါ်နွယ်နွယ်ကိုက သက်ငယ်မုဒိမ်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး ဦးလှနိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ စောမြတ်သစ္စာနှင့် မြို့နယ်ဉပဒေအရာရှိ ဦးမိုးဝင်းအောင်တို့က ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း GBV နှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြေကြားခဲ့ရာ တက်ရောက်လာသူများမှ သိရှိလို သည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ပြောကြားခဲ့ကြောင်း သိရ သည်။
သင်းသင်းမော် (ပြန်/ဆက်)


