ရေး   ၃ အောက်တိုဘာ

           

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် UNDP နှင့် OXFAM အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးများအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် Active Citizenship စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

           

အဆိုပါ သင်တန်းတွင် OXFAM အဖွဲ့မှ ရေးမြို့တာဝန်ခံ ဦးစည်သူက ကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်းစဉ် (Good Governance) အကြောင်းအရာများ၊ နိုင်ငံသားကောင်း၊ နိုင်ငံသားနှင့် တာဝန်ဝတ္တာများ၊ ဒီမိုကရေစီ အသိပညာအကြောင်း မိတ်ဆက်ခြင်း၊ ပြည်သူပူးပေါင်းပါဝင်ခြင်း၊ ပူးပေါင်းပါဝင်မှု အဆင့်ဆင့်နှင့် ဒေသအလိုက် ဖြစ်စဉ်များ လေ့လာသုံးသပ်ခြင်းဆိုင်ရာများကို ဆွေးနွေးပို့ချပေးပြီး တက်ရောက်လာကြသည့် သင်တန်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ သင်တန်းကို အောက်တိုဘာ(၃)ရက်မှ (၄)ရက်နေ့ထိ သင်ကြားပြီး ရပ်ကွက်၊ ကျေးရွာအမျိုးသမီးဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းမှ အမျိုးသမီး(၆၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အောင်ဖြိုး(ရေး၊ ပြန်/ဆက်)