အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၃

             

အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်(၁၁) နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နေ မxxxx၊ ၃၃ နှစ်၊ မxxxx၊ ၃၄ နှစ်၊ မxxxx၊ ၃၀ နှစ်နှင့် မxxxx(ကွယ်လွန်)တို့(၄)ဦးကို တစ်မြို့တည်းနေ ဒေါ်သန်းသန်းဝင်းက ရေးမြို့တွင် အလုပ်လုပ်ကိုင်ပါက ငွေအမြောက်အမြားရမည်ဟု လိမ်လည်ပြောဆိုစည်းရုံးပြီး ရေးမြို့၊ အဏ္ဏဝါရပ်ကွက်နေ “ဘုရင်မ” ဘီယာဆိုင်ပိုင်ရှင် ဦးထင်ကျော် ထံ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန်ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဝေါမြို့မ ရဲစခန်း(ပ)၂၉/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့် ခဲ့ပြီး ပဲခူးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁ ရက်တွင် တရားခံ ဒေါ်သန်းသန်းဝင်းနှင့် ထင်ကျော် တို့(၂)ဦးအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေသူ မxxxx၊ ၁၅ နှစ်(၂)လအား တစ်မြို့နယ်တည်းနေသူ အောင်ဇော်၊ ၂၁ နှစ်၊ (ဘ)ဦးပေါက်စနှင့် ဇနီးဖြစ်သူ မမော်မော်သန်း(ခ) မချစ်ပို(ခ)လရိပ်၊ ၂၁ နှစ်၊ (ဘ)ဦးတင်ထွန်းတို့က KTV တွင် အလုပ်လုပ် ကိုင်လျှင် ငွေအမြောက်အမြားရမည်ဟု လိမ်လည်ပြောဆိုစည်းရုံးပြီး မကြည်ကြည်ခိုင်(ခ) မခိုင်မှ တစ်ဆင့် ပြည့်တန်ဆာအိမ်သို့ ပို့ဆောင်ရောင်းစား၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်း စေကာ လုပ်အားခခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၀၆၃/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ နိုဝင်ဘာ ၂၆ ရက်တွင် တရားခံ အောင်ဇော်၊ မမော်မော်သန်း(ခ) ချစ်ပိုနှင့် မကြည်ကြည် ခိုင်(ခ) မခိုင် တို့(၃)ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)အရ အလုပ်နှင့် ထောင်ဒဏ်(၂၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)