နေပြည်တော် ဧပြီ ၂၅

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် စီကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ ရေဆင်း ကုန်းကျေးရွာနေ ဒေါ်ချို (ခ) ဒေါ်ခင်မာချိုနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်နေ ဒေါ်ငယ် (ခ) ဒေါ်ခင်နှင်းသက်တို့က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်နေ မ --- ၊ ၃၆ နှစ်၊ မ --- ၊ ၂၁ နှစ် နှင့် မ --- ၊ ၁၉ နှစ် တို့ကို  တရုတ်နိုင်ငံတွင်  အလုပ်ကောင်းကြောင်း၊ စီးပွားရေး အဆင်ပြေကြောင်း ပြောဆိုစည်းရုံး၍ တရုတ်ယောကျ်ားများထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် တောင်ငူမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း (ပ) ၃၀၉ / ၂၀၁၉ နှင့် (ပ) ၃၁၀/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ တို့ဖြင့် အမှုရေးဖွင့်၍ တောင်ငူခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံဒေါ်ချို (ခ) ဒေါ်ခင်မာချိုနှင့် ဒေါ်ငယ် (ခ) ဒေါ်ခင်နှင်းသက်တို့ကို ဧပြီ ၂၀ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂အရ  အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်စီ တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်