နေပြည်တော် ဒီဇင်ဘာ ၂၂
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ် စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆) ရပ်ကွက်နေ မဖြူဖြူသွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မနွယ်နီခိုင် တို့က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ မ xxx ၊ ၂၅နှစ် နှင့် မ xxx ၊ ၂၅နှစ် တို့ကို တရုတ်နိုင်ငံရှိ အနှိပ်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေဆယ်သိန်းကျပ် ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့သဖြင့် လှော်ကား နယ်မြေရဲစခန်း (ပ) ၃၁၀/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရား စွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်တွင် တရားခံ မဖြူဖြူသွယ်နှင့် မနွယ်နီခိုင်တို့အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်