အမျိုးသမီးများကို တရုတ်ယောင်္ကျားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစား၍ အကျိုးအမြတ် ရယူရန်စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

 

 

နေပြည်တော် ဧပြီ ၁၂

 

အမျိုးသမီးများကို တရုတ်ယောင်္ကျားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား အကျိုးအမြတ် ရယူရန်စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ မအားမွှေ()အားမွှေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ စိုင်းသီဟ() ဖိုးဇော် တို့က ရှမ်းပြည်နယ်၊ တာလေမြို့နယ်နေ --- ၂၂/၂၃ နှစ်အား တရုတ် ယောက်ျားနှင့်လက်ထပ်ရန် စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ အကျိုးအမြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်()နယ်မြေ ရဲစခန်း() ၂၃၂ /၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မဟာအောင်မြေ ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ၂၄ ဧပြီ ၁၀ ရက်တွင် တရားခံ မအားမွှေ() အားမွှေးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ စိုင်းသီဟ() ဖိုးဇော်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၇ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ မအားမွှေ()အားမွှေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ စိုင်းသီဟ() ဖိုးဇော် တို့က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ --- ၂၂/၂၃ နှစ်အား တရုတ်ယောက်ျားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ အကျိုးအမြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်()နယ်မြေရဲ စခန်း() ၂၃၃ /၂၀၂၃၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မဟာအောင်မြေ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၂၄ အေ ၁၀ ရက်တွင် တရားခံ မအားမွှေ() အားမွှေးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ စိုင်းသီဟ() ဖိုးဇော်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၇ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)