တောင်ဥက္ကလာပ ၁၁     ဩဂုတ်      

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမတွင် Women Clubအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ အမျိုးသမီးများအိမ်တွင်းစီးပွားရေးတစ်ခုအဖြစ် အသုံးဝင်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(ဝ၉:ဝ၀)နာရီအချိန်၌ အမျိုးသမီးပွဲတက် လက်ကိုင်အိတ် ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။

02

အဆိုပါသင်တန်းတွင် ဆရာမ ဒေါ်စန်းစန်းနွဲ့မှ အခကြေးငွေမယူဘဲ ပရဟိတအနေဖြင့် သင်ကြားပေးခဲ့ပြီး သင်တန်းသား (၂၅)ဦးခန့် တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများ အနေဖြင့် စိတ်ဝင်တစားသင်ယူခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဝင်းထက်ထက်အောင် (ပြန်/ဆက်)