နေပြည်တော်ဒီဇင်ဘာ၂၁
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် စီချမှတ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နေ ကိုမျိုးနှင့် ၎င်း၏ဇနီးဖြစ်သူ မရီရီဝင်းတို့က ပုသိမ်မြို့နေ မ ---၊ ၂၈ နှစ်နှင့် မ ---၊ ၂၅ နှစ်တို့ကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ ရရှိမည်ဟု စည်းရုံးပြောဆို၍ တရုတ်နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ပုသိမ်မြို့မရဲစခန်း (ပ) ၅၁၆/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ ပုသိမ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီ ၂၀ ရက်တွင် တရားခံ ကိုမျိုးနှင့် မရီရီဝင်းတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်