နေပြည်တော် မေ ၁၇
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သူများ ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ဒေါ်ခင်မြမူ၊ ရှမ်းပြည်နယ်၊ မိုင်းလားမြို့နယ်နေ အောင်ဖြိုး(ခ) ဦးဖြိုးတို့က ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်နေ မ---၊ ၁၉/၂၀၁၉ နှစ်အား ရှမ်းပြည်နယ်၊ မိုင်းလားမြို့တွင် အိမ်အကူလုပ်ကိုင်ပါက(၁)လလျှင် မြန်မာငွေ သိန်း(၄၀)ကျပ်ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်မယားအဖြစ် ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ် ရယူခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၆၉၉၁/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၁၆ ရက်တွင် တရားခံ ဒေါ်ခင်မြမူအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်၊ တရားခံ အောင်ဖြိုး(ခ)ဦးဖြိုးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။