နေပြည်တော် ဖေဖော်ဝါရီ ၁၇
အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် စက်မှုရပ်နေ မငြိမ်းလင်းနွယ် (ခ) ဝိုင်း မှ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ မန်ရန်ကျေးရွာနေ မ-----၊ ၁၉/၂၀၂၅ နှစ်အား ဘဝရပ်တည်ရန် ခက်ခဲနေမှုနှင့် ငွေကြေးအခက်ခဲရှိနေမှုအား အခွင့်ကောင်းယူကာ ပြောဆို စည်းရုံးပြီး တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် မူဆယ် မြို့မရဲစခန်းက (ပ)၂၃၄/ ၂၀၂၄၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။ မူဆယ်ခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် တရားခံ မငြိမ်းလင်းနွယ် (ခ) ဝိုင်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်