ကျောင်းကုန်း  ၁၂  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဈေးမိသားစုမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့တွင် စတုဒိသာ ထမနဲ (၅၅)ဒယ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ဆန်(၁၂)အိတ်၊ ထမနဲ(၇၇)ဒယ် ထိုးမှာပါ၊ နေ့လယ်ပိုင်းကထဲက စပြီးထိုးနေတာပါ၊ အမှတ်(၁) ရပ်ကွက်နဲ့ အမှတ်(၃)ရပ်ကွက်မှ ဗိုလ်ချုပ်ကို ဂုဏ်ပြုလှူဒါန်းမှာဖြစ်ပါတယ်။ လာရောက်ကူညီသူများမှာကလည်း  စေတနာဖြင့် လာရောက် ထိုးပေးတာဖြစ်ပြီး နံနက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ၌ (၂၂)ဒယ်၊ စတုဒိသာ (၅၅)ဒယ် လှူဒါန်းမှာဖြစ်ပါတယ်”ဟု အလှူရှင်တစ်ဦးက ပြောသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)