အမ်း ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းရှိ ဦးကျန်သိန်းနေအိမ်တွင် ဖုန်းဘက်ထရီအားဖြည့်ရာမှ အပူလွန်ကဲပြီး ယမန်နေ့ ညနေ ၄ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် ဦးကျန်သိန်းနေအိမ်နှင့်ကပ်လျက်ရှိ နေအိမ် ၄ လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုဖြစ်ပွားရာသို့ တပ်တောင်နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲဇွဲဖြိုး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးနှင့်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တပ်တောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနှင့် ဝန်ထမ်း ၄ ဦး၊ တပ်တောင်နယ်မြေရဲစခန်းမှူး ဒုရဲမှူးမျိုးမင်းထွန်း ဦးစီး၍ ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၅ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)