အမ်း  ဇွန် ၂၅

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွက် အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ဇွန်လ(၂၅)ရက် နံနက်(၁၀)နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်သည်။

 

ထိုသို့ပေးအပ်ရာတွင် အမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)အုပ်စုမှ အသက် (၈၅)နှစ် အထက် ( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လများအတွက် ဘိုးဘွားတစ်ဦးလျှင်(၃၀၀၀၀) နှုန်းဖြင့် ဘိုးဘွား စုစုပေါင်း(၆၅၇)ဦးအတွက် ထောက်ပံ့ငွေ(၁၉၇၁၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ရာ ဇွန်လ(၂၅)ရက် တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၂၄)အုပ်စုအတွက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ကျန်ရှိသည့် ကျေးရွာအုပ်စု(၁၀)အုပ်စုအား ဇွန်လ ၂၉ ရက်တွင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

စိုးမင်းထွန်း(မြို့နယ်ပြန်/ဆက်)