အမ်း ၂၃ မေ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် စာသင်ကျောင်းများ၌ Community Base Facility Quarantine Center များဖွင့်လှစ်ထားရှိခဲ့ရာ ယနေ့နံနက် ၈ နာရီက အဆိုပါ CBFQ ထားရှိခဲ့သော အထက(၁)ကျောင်းအား သန့်ရှင်းရေးပြုလုပ်၍ သက်ဆိုင်ရာပညာရေးဌာနသို့ ပြန်လည် အပ်နှံရေးနှင့် CBFQ သီးခြားထားရှိရန် ရွှေအမ်းတောင်ခန်းမ သို့ပြောင်းရွှေ့နိုင်ရေး ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့် ရပ်မိရပ်ဖ၊ ဒေသခံပြည်သူများမှ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အထက(၁)ကျောင်းအား CBFQ အဖြစ် ဧပြီလစ၍ အမ်းမြို့နယ်သို့ဝင်ရောက်လာသော ပြည်နယ်/ ပြည်ပဝင်ရောက်လာသူများကိုထားရှိခဲ့ရာ လက်ရှိတွင် သက်ဆိုင်ရာ ပညာရေးဌာနသို့ ပြန်လည်အပ်နိုင်ရေး သီးခြား Facility Quarantine များအဖြစ် ပြည်ပကပြန်လာသူ / ပိုးတွေ့ ရှိသည့် မြို့များမှ ပြန်လာသူများအား ရွှေအမ်းတောင်ခမ်းမ၌ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောကြားကြောင်း သိရှိရသည်။
ထို့နောက် ရွှေအမ်းတောင်ခန်းမ၌ ပြည်ပကပြန်လာသူများ၊ ပို့တွေ့ရှိရာမြို့များမှ ပြန်လာသူများ အဆင်ပြေစွာနေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ဝင်းအိမွန် (မြို့နယ်ပြန်/ဆက်)


